နယူးယောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်တွင်ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားရာတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် အကြမ်းဖက်ဝါဒများဖြေရှင်းခြင်းနှင့်ပတ်သက်သည့်ကိစ္စများကို လည်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် တွဲလျက်ပြုလုပ်သည့် ရန်ပုံငွေ လှူဒါန်းခြင်းဆိုင်ရာ ကတိကဝတ် အစည်းအဝေးတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ရန်ပုံငွေ အတွက် အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၁ သန်း...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ စောင့်ကြည့်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့ကိုးမြို့၌ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Trade Center များ တည်ဆောက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသော ပုဂ္ဂလိက ကျောင်းပေါင်း ၅ဝ ကျော်ရှိပြီး ခွင့်ပြုနိုင်ရန် စစ်ဆေးရေး အဖွဲ့များက လိုက်လံ စစ်ဆေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။