Sihanoukville ၊ ကမ္ဘောဒီးယား၊ ဇွန် ၂၆ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) က မဲခေါင်ဒေသခွဲရှိ ပူးပေါင်းဆောင်ရွက်မှုယန္တရားများအားလုံး၏ ဖန်တီးမှုနှင့် တက်ကြွမှုအရှိဆုံးဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ၏ အကြီးတန်းအကြံပေး ဆော့ခ် ဆစ်ဖန်နာက ပြောကြားခဲ့သည်။
အာဖဂန် ၊ ဇွန် ၂၆ရက်(ဆင်ဟွာ) အာဖဂန်တာဝန်ရှိသူများက နိုင်ငံအနောက်ပိုင်း Farah ပြည်နယ်အတွင်းရှိ ဆင်းရဲချို့တဲ့သော မိသားစု ၂၁၃ စုကို တရုတ်နိုင်ငံက လှူဒါန်းသည့် အကူအညီများအား ဇွန် ၂၂ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း ပြည်နယ် ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲရေး ခေါင်းဆောင် Samihullah Tawakali...
ဟူးဟော့၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးဆုံး အဝေးပြေးလမ်းဆိပ်ကမ်းဖြစ်သော Ganqmod ဆိပ်ကမ်းတွင် နေ့စဉ် ကုန်စည်ဖြတ်သန်းစီးဆင်းမှုပမာဏမှာ ယခုနှစ်၌ တန်ချိန် ၁၇၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဆိပ်ကမ်းဦးစီးဌာနက ဇွန် ၂၂ ရက်က ပြောကြားခဲ့သည်။
ဝေ့နန်၊ ဇွန် ၂၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်ရှိ ဟွာဆန်းတောင်တွင် တွမ်းဝူပိတ်ရက်ကာလ ဒုတိယနေ့ဖြစ်သော ဇွန် ၂၃ ရက်တွင် ခရီးသွားများဖြင့် စည်ကားခဲ့သည်။ “အန္တရာယ်များသော ထိပ်တန်း အံဖွယ်တောင်”ဟု ခေါ်ဝေါ်သမုတ်ကြသော ဟွာဆန်း၏ရှုမြင်ကွင်းများကို ခရီးသွားများက သက်ဆိုင်ရာ ဝန်ထမ်း၏ လမ်းပြမှုဖြင့် စနစ်တကျ တောင်တက်၍ လည်ပတ်ခဲ့ကြသည်။...
ဆိုဖီယာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ဘူလ်ဂေးရီးယားနိုင်ငံ၏ ပထမဆုံး နဂါးလှေပွဲတော်ကို မြို့တော် ဆိုဖီယာရှိ Pancharevo ရေကန်၌ ဇွန် ၂၄ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နှစ်ရက်ကြာပွဲတော်ကို ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် ဘူလ်ဂေးရီးယားနိုင်ငံ နဂါးလှေ ပွဲတော်အသင်း တို့က စီစဉ်ကျင်းပခဲ့ခြင်း...