ဆိုးလ် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုးများကို ပင်လယ်အတွင်းသို့ စွန့်ထုတ်မည့် တာဝန်မဲ့သောအစီအစဉ်အား ဆန့်ကျင်ဆန္ဒပြရန် တောင်ကိုရီးယားနိုင်ငံသားများက ဇွန် ၂၄ ရက်တွင် ဆိုးလ်မြို့လယ်တွင် စုရုံးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖြစ်သော TGL ( The Great Lethwei ) ပြိုင်ပွဲ ခေါင်တွဲဆိုင်းတွင် ပထမတန်းလက်ဝှေ့ကျော် ရာမာန်က ထိုင်းမွေထိုင်းချန်ပီယံကို ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ နာမည်ကြီး “စိန်တစ်လုံး” သရက်သီးများ ကို တရုတ်ဈေးကွက်သို့ အများဆုံးတင်ပို့နေရကြောင်း ပြည်တွင်းသရက်သီးတင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။
တိုကျို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဂျပန်အမျိုးသမီးတစ်ဦးသည် Oz ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် နှလုံးကြွက်သားရောင်ရမ်းမှုဖြင့် သေဆုံးခဲ့ရာ ယင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ပထမဆုံး သေဆုံးသူဖြစ်လာခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ၂၂ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား”တရုတ်စာပြိုင်ပွဲ(ရန်ကုန်) နှင့် ၁၆ ကြိမ်မြောက် ကမ္ဘာ့ အထက်တန်းနှင့်အလယ်တန်းကျောင်းသား၊ကျောင်းသူများ တရုတ်စာပြိုင်ပွဲ(ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲများကို ဇွန် ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ (Xinhua)...