နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပြိုကျခဲ့သော မြောင်းမြတံတားအား ၂၀၁၉ မတ်လအကုန်တွင် အပြီး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေမှ ကျပ် ခြောက်ဘီလီယံ သုံးစွဲမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်ကို ပြည်ထောင်စုလွှတ်တော်...
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၉,၆၆၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဟို့စ်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဟာရီကိန်းမုန်တိုင်း ဖလော်ရင့် (Florence) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတစ်လျှောက်ရှိ စွမ်းအင်အခြေခံအဆောက်အအုံအား သက်ရောက်မှုရှိကြောင်း အမေရိကန်နိုင်ငံ စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက် အုပ်ချုပ်ရေး (EIA) က စက်တင်ဘာလ ၁၃ ရက်ကပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၃ ရက်မှ လာမည့် ရက်သတ္တပတ်လုံး အပူပိုင်း မုန်တိုင်း ၂ ခု ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပြီး မိုးကြီးခြင်းများနှင့် ရေဖုံးလွှမ်းခြင်းများဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာလ ၁၃ ရက်နှောင်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။