ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိကစားကွင်းနှင့် ပန်းခြံများ၌ ပြည်သူများ လာရောက်လည်ပတ်ကြမှု မြင်ကွင်းများကို အောက်တိုဘာ ၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်သီတင်းကျွတ်ပွဲတော်ကို သီတင်းကျွတ်လပြည့်မတိုင်မီအဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်တို့တွင် ၃ ရက်တိုင်တိုင် ကျင်းပကြောင်း သိရသည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူ အများအပြားလာရောက်ဖူးမြော်ကြပုံနှင့် စတုဒိသာ အလှူများ ကျွေးမွေးလှူဒါန်းပုံ မြင်ကွင်းများကို အောက်တိုဘာ ၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကို သီတင်းကျွတ်လပြည့်မတိုင်မီ အဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်တို့တွင်...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၆ ရက်) နံနက်ပိုင်းတွင် ဘုရားဖူးများ လာရောက် ဖူးမြော်ကြမှု မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) သီတင်းကျွတ်ကာလကို မီးထွန်းပွဲတော်ဟုခေါ်ဆိုကြပြီး မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ဘာသာရေးပွဲတော်များအနက် တစ်ခုဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောသည်။ “မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်က ဆင်းသက်လာခြင်းကို ကြိုဆိုတဲ့အနေနဲ့ သီတင်းကျွတ်ကာလမှာ အိမ်တွေ၊ လမ်းတွေ၊ ဘုရားတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ...
လန်ဒန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဝေးလ်၊ လတ်ဗီးယားတို့နှင့်ကစားရမည့်ပွဲစဉ်များအတွက် အင်္ဂလန်လက်ရွေးစင်အသင်း၏ နောက်ဆုံး လူစာရင်းတွင် ဂျုဒ်ဘယ်လင်ဂမ်၊ ဖီးလ်ဖိုဒန်နှင့် ဂျက်ဂရီယာလစ်ရှ်တို့ကို ချန်လှပ်ထားခဲ့ပြီးနောက် တင်းမာမှုများရှိနေသည်ဟူသော သုံးသပ်မှုများကို အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ပယ်ချလိုက်သည်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးသော ဘယ်လင်ဂမ်မှာ မကြာသေးခင်ကမှ ပခုံးဒဏ်ရာမှ သက်သာပြီး...