ဂျကာတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း (Don Pramudwinai) နှင့် အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် Sriharikota ဒေသရှိ Satish Dhawan အာကာသစင်တာမှ လွှတ်တင်ရေးယာဉ် Mark-3 ဒုံးပျံဖြင့် ဇူလိုင် ၁၄ ရက်တွင် Chandrayaan-3 ဟုခေါ်သည့် တတိယမြောက် လကမ္ဘာမစ်ရှင်အား လွှတ်တင်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း(ISRO)က...
ဖနွမ်းပင် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံရှိ မျိုးပြုတ်မည့် အန္တရာယ်ရှိနေသည့် မဲခေါင်မြစ် ဧရာဝတီလင်းပိုင်များအား ကူညီကာကွယ် စောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း အဆင့်မြင့်ကမ္ဘောဒီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ပြန်လည်ရှင်သန်တက်ကြွလာရေးအတွက် ယင်းဒေသများရှိ လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန် နိုင်ငံတစ်ဝန်းစီမံကိန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံနှင့် ပဲမျိုးစုံ တန်ချိန် ၄၂၄,၁၈၇.၇၀၇ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်း ကုန်သည်များအသင်းမှ အကြံပေး ဦးစိုးဝင်းမောင်က ဆင်ဟွာသို့ ပြောသည်။ ၂၀၂၃ ခုနှစ်...