ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ သတ္တမအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်၌ စတင်ကျင်းပခဲ့ပြီး၊ စုစုပေါင်းနိုင်ငံရေးပါတီ ၁၈ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC) ပြောခွင့်ရပုဂ္ဂိုလ် ၏ ပြောကြားချက်အရ သိရသည်။
ချိန်တူး ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ FISU World University Games Village ၌ မောင်းသူမဲ့ဘတ်စ်ကား အမျိုးအစား နှစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘ၀ကို ခက်ခဲမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကျိုချွမ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို ဇူလိုင် ၂၂ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံကို လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၀၇ နာရီ၌ လွှတ်တင်ခဲ့ပြီး...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။