-တရုတ်နိုင်ငံ၏ တရားရေးအာဏာပိုင်အဖွဲ့က စီးပွားရေးပတ်ဝန်းကျင်နှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်မှု တိုးမြှင့်မည် – အမေရိကန်နှင့် တင်းမာမှုများကြား ဇယ်လန်းစကီးအပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်လာဟု စစ်တမ်းတွင် ဖော်ပြ -မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်က ရေတပ်တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန် တိုက်တွန်း -တရုတ်ဥပဒေပြုအာဏာပိုင်အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး၏ အမြဲတမ်းပါတီကော်မတီက ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ အား သံသယဝင်ပြောဆိုချက်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ တုံ့ပြန်ဖြေကြားခဲ့သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို မတ် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ၊ သက်ဆိုင်ရာ ကုမ္ပဏီအသင်းအဖွဲ့များမှ...
နိုင်ရိုဘီ၊ မတ် ၈ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ နိုင်းပြည်နယ် အထက်ပိုင်း Nasir ဒေသတွင် ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေသော ကုလသမဂ္ဂ ရဟတ်ယာဉ် ၂ စင်းသည် မတ် ၇ ရက်က အမြောက်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် တောင်ဆူဒန် ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ချုပ်တစ်ဦးအပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှုများကို အပြင်းအထန်နှိမ်နင်းလျက်ရှိရာ လူပေါင်း ၇၈,၀၀၀ ကို တရားစွဲဆိုခဲ့ပြီး ယမန်နှစ်ကထက် ၅၃.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပြည်သူ့ရှေ့နေချုပ်ရုံး၏ လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ ပြည်သူ့ရှေ့နေချုပ်ရုံးသည် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု မှုခင်းများကို ကိုင်တွယ်ဆောင်ရွက်ရေးအတွက်...