ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi က အထက်လွှတ်တော်အမတ် Anwaar-ul-Haq Kakar ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအား ဩဂုတ် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သမ္မတအိမ်တော်မီဒီယာဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပီနန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)သည် မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှီးအန်း ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် မြို့တော်ရှီးအန်း၏ မြို့ပြင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တုံးများနှင့် ရွှံ့မြေများ ပြိုကျမှု ဩဂုတ် ၁၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားပြီးနောက် လူနှစ်ဦး သေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၆၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါခရိုင်တာဝန်ရှိသူများက ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။