ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အီဂျစ်နိုင်ငံသို့ ပထမဆုံး တရုတ်ခရီးသွားအုပ်စုသည် ရောက်ရှိလာခဲ့ပြီး ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါမဖြစ်ပွားမီနှစ်များအတွင်း အီဂျစ်နိုင်ငံသို့ ခရီးသွားလာမှု စတုတ္ထအကြီးဆုံး အရင်းအမြစ်ဖြစ်ခဲ့သည်။ (Xinhua) xhtxs.cn/DWK ————————— 1st Chinese tourist group arrives in Egypt since...
အိုမီခရွန်မျိုးဗီဇကွဲသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့နေဆဲ ဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) နှစ်ပတ်လည်အစည်းအဝေး ၂၀၂၃ သို့ တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေး ပညာရှင်များ နှင့် တာဝန်ရှိသူများက COVID-19 ရောဂါ တိုက်ဖျက်ရာတွင် အဓိကစိန်ခေါ်မှုတစ်ချို့အား သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/DWJ ——————— Roundup: Experts highlight challenges...
ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား ပေကျင်းမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ဧည့်ခံပွဲတစ်ခု၌ တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် COVID-19 ရောဂါပြင်းထန်လူနာ နှင့် အဖျားလူနာများ၏ အရေအတွက်မှာ ကျဆင်းနေလျက် ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Guo Yanhong ၏ ပြောကြားချက်အရ သိရသည်။ (Xinhua) xhtxs.cn/DWy —————————— China’s COVID-19 vaccines prove to be safe, effective...
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အာဖဂန်နစ္စတန်နိုင်ငံ ကြားဖြတ်အစိုးရ၏ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီး နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး နှင့် အကြမ်းဖက်မှုများအား တိုက်ဖျက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua) xhtxs.cn/DWR —————————- Chinese, Afghan FMs...