နယူးဒေလီ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်ထရာခန်ပြည်နယ်၌ လျှပ်တစ်ပြက်ရေကြီးရေလျှံမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar) ၏ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့ ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ထောင်နှင့်ချီသောလူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆာင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က မကြာသေးမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် နေရာ ၁၂၀ အနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်(NEC)က ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သော တရားဝင်ရလဒ်များအရ သိရသည်။
ဖနွမ်းပင်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၀.၃ သန်း ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၃.၃၇ သန်းထက် ၅၀၂ ရာခိုင်နှုန်း...