အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မူဘောင်အောက်ရှိ Thar Coal Block-I Coal Electricity Integration စီမံကိန်း၏ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖေဖော်ဝါရီ ၅ ရက်က တရားဝင်စတင်လည်ပတ်ပြီဖြစ်ကြောင်း သိရသည်။
အဒါနာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦး ပါဝင်သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် လေယာဉ်စင်းလုံးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ခရီးနှင်ကာ တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။
တူရကီနိုင်ငံနှင့် အလွန်နီးကပ်သောအိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် တစ်ရက်အကြာ ဆီးရီးယားနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အမေရိကန်၏ ပိတ်ပင်မှုကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆီးရီးယားက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/Esb ————————- Syria on Tuesday lambasted the U.S....
တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၈,၃၆၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များနှင့် ကယ်ဆယ်ရေးသမားများမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။တူရကီနိုင်ငံတွင် နောက်ဆုံးအချက်အလက်များအရ သေဆုံးသူ ၅,၈၉၄ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၃၄,၈၁၀ ဦး ရှိကြောင်း သိရသည်။ ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူပေါင်း အနည်းဆုံး...
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားရှိ လူပေါင်း ၂၃ သန်းအပေါ် ထိခိုက်မှုရှိခဲ့ရာ ဆီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်စီမံခန့်ခွဲရေးနှင့်လှုပ်ရှားမှုဆိုင်ရာ အကြီးတန်းအရာရှိ Adelheid Marschangက...