ဆန့်ထို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန့်ထိုမြို့တွင် စက်ရုပ်များက ရင်းကဲအက (သူရဲကောင်းသီချင်းနှင့်ကခုန်ခြင်း) ဖျော်ဖြေတင်ဆက်မှုတစ်ခုတွင် ပါဝင်ကပြခဲ့ကြသည်။ အဆိုပါစက်ရုပ်များက ရိုးရာမျက်နှာဖုံးများနှင့် ခေါင်းဆောင်းများ ဝတ်ဆင်ထားပြီး ၎င်းတို့၏ ချောမွေ့ပြေပြစ်ကာ ချစ်စဖွယ်ကောင်းသော လှုပ်ရှားဟန်များဖြင့် လာရောက်ကြည့်ရှုသူများ၏ အမြင်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့သည်။ (Xinhua) …………………………………….....
ကျိနန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ကျေးရွာတစ်ရွာက ဆောင်းဦးရာသီ သီးနှံလှိုင်လှိုင်ရိတ်သိမ်းမှုကို ပြသသည့်အနေဖြင့် ကောက်ပဲသီးနှံအမျိုးပေါင်း တစ်ရာနီးပါးကို မြေပြင်ပေါ်တွင် ခင်းကျင်းထားခြင်း (သို့မဟုတ်) နံရံများပေါ်တွင် တွဲလောင်းချိတ်ဆွဲထားရာ အရောင်အသွေးရှိသော ရုပ်စုံမှန်ပြောင်းတစ်ခုအဖြစ် ဖန်တီးပုံဖော်ပြသလျက်ရှိသည်။ (Xinhua) …………………………………….. (English Version)...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်အစိုးရ သက်ဆိုင်ရာဌာနများက တရုတ်နိုင်ငံသားများအား အကြောင်းမဲ့ နှောင့်ယှက်မှု၊ စစ်ဆေးမေးမြန်းမှုနှင့် နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်မှု စသည့် လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံက ဆိုးရွားစွာ မကျေမနပ်ကြောင်းနှင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၁၀ ရက်က...
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနေရာအနှံ့၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး နေအိမ်ထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။ ထိခိုက်သေဆုံးသူဦးရေ အများဆုံးမှာ မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း ဟီဒယ်လ်ဂိုပြည်နယ်၌ဖြစ်ပြီး...
ဖို့ဒ် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) နော်ဝေးနိုင်ငံ ဖို့ဒ်မြို့၌ အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သည့် နိုင်ငံတကာအလေးမအဖွဲ့ချုပ် (IWF) ကမ္ဘာ့အလေးမချန်ပီယံရှစ်ပြိုင်ပွဲ၌ ဥဇဘက်ကစ္စတန်နိုင်ငံမှ Akbar Djuraev က ကမ္ဘာ့စံချိန် နှစ်ခုတင်ခဲ့ပြီး အမျိုးသား ၁၁၀ ကီလိုဂရမ် အမျိုးအစားပြိုင်ပွဲကို လွှမ်းမိုးခဲ့သည်။...