ကူမင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) “တရုတ်-လာအို ရထားလမ်းက ပေါင်းကူးတံတားအဖြစ် တရုတ်နိုင်ငံနဲ့လာအိုနိုင်ငံ ၊ တရုတ်နိုင်ငံနဲ့ကမ္ဘာရဲ့ ကူးလူးဆက်ဆံမှုတွေကို ချိတ်ဆက်ပေးစေချင်တယ်။ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ပိုပြီး စည်ကားမယ်လို့ မျှော်လင့်ပါတယ်” ဟု သတ္တမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၇ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း...
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာသောလမ်းကြောင်းပေါ်၌ ပြန်လည်ရောက်ရှိကာ ဆက်လက်အားကောင်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးက နှေးကွေးနေပြီး ကမ္ဘာ့စီးပွားရေးကို အန္တရာယ်ဖြစ်နိုင်ကြောင်း...
ခါတွန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က နိုင်ငံအရှေ့ပိုင်းနယ်မြေရှိ လေပိုင်နက် ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ “ဒီကနေ့ကစပြီး နိုင်ငံအရှေ့ပိုင်းနယ်မြေမှာ လေကြောင်းဖြတ်သန်းသွားလာရန် လေပိုင်နက် ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာချက်ကို ဆူဒန် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်” ဟု ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဩဂုတ်...
ရန်ကုန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ဟိုတယ်တစ်ခု၏ ကားပါကင်ဝင်းအတွင်း မော်တော်ဆိုင်ကယ်အား...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ ၃၃ဦးထိ တိုးလာကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ “ပျောက်ဆုံးစာရင်းကတော့ အတိအကျ ရနိုင်ဖို့ခက်တယ်၊ အဲဒီအနီး ဒေသခံတွေ ပြုစုတဲ့ စာရင်းအရ ၃၆ ဦးပေါ့” ဟု...