ကွမ်ကျိုး ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ဒရုန်းယာဉ်(AAV) ဖြစ်သည့် EHang 216 သည် ဂျပန်နိုင်ငံ Oita မြို့၌ သရုပ်ပြပျံသန်းမှုတစ်ခုအား မကြာသေးမီက ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။EHang သည် တရုတ်နိုင်ငံ၌ ထိပ်တန်းဒရုန်းထုတ်လုပ်သူတစ်ဦး ဖြစ်သည်။
တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Xigaze မြို့ Namling ခရိုင်ရှိ ရှေးဟောင်းသုတေသန ဆိုင်ရာနေရာတစ်ခု၌ တရုတ်သုတေသနပညာရှင်များက နှစ်ပေါင်း ၃,၀၀၀ ကျော်သက်တမ်းရှိ နို့ရည်အကြွင်းအကျန်များအား ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှာ နို့ကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဒေသခံပြည်သူများက စားသောက်ခဲ့ကြောင်း ညွှန်ပြနေသည်။ (Xinhua) xhtxs.cn/EQ5 ——————————- 3,000-year-old milk residue...
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တူးဖော်ရေးနေရာတစ်ခု၌ တူးဖော်တွေ့ရှိခဲ့သည့် ပရိဘောဂ နှင့် ပန်းကန်ခွက်ယောက်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ က ညစာအတွက်သာမက မည်ကဲ့သို့စားခဲ့ကြပုံများကိုပါ ပြသနေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EOc ————————- 3,000-year-old settlement site found in SW China...
COVID-19 ရောဂါနှင့်ဆက်စပ်သည့် ခရီးသွားကန့်သတ်ချက်များအား ဖြေလျှော့ပေးမှုကြောင့် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သွားလာမှုများသည် ဇန်နဝါရီလတွင် ၂.၁ သန်း ရှိခဲ့ပြီး နှစ်အလိုက် ၂၈ ဆ မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ERG ———————- Hong Kong’s air passenger traffic up 28...
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(Pakistan International Airlines)က ပညာရေးဘွဲ့ဒီဂရီများ သင်ယူရန် တရုတ်နိုင်ငံသို့ သွားရောက်မည့် ကျောင်းသား/သူများကို ၂၇ ရာခိုင်နှုန်း လျှော့ဈေး ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/ERt —————————— Pakistan Int’l Airlines announces discount for students traveling...