ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonnaနှင့် ဩဂုတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်၌ Maui တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်သည် ဩဂုတ် ၁၈ ရက်တွင် ၁၁၄ ဦးအထိ ရှိလာခဲ့ပြီး မီးလောင်ဒဏ်သင့်နေရာ ၆၀ ရာခိုင်နှုန်းကျော်အား ရှာဖွေခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထျန်းကျန်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် Huanghuadian မြို့ရှိ ရွှေ့ပြောင်းနေထိုင်ကြသည့် ရွာသူ/သား စုစုပေါင်း ၁၅,၀၁၁ ဦးသည် ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်းသွားပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တိုကျို ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ဂျပန်အစိုးရက သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများ စွန့်ပစ်ရန် သတ်မှတ်ရက်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် နီးကပ်လာသဖြင့် ရာပေါင်းများစွာသော ဂျပန်နိုင်ငံသားများက စွန့်ပစ်မည့်အစီအစဉ်အား ကန့်ကွက်ဆန္ဒပြရန် ဩဂုတ် ၁၈ ရက်တွင် တိုကျိုမြို့လယ်ခေါင်၌ စုဝေးခဲ့ကြကြောင်း သိရသည်။...
နန်နင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နှင့် လေတပ်တို့၏ ဝေဟင်နှင့် ရေပြင်ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။