ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေ သူများ၏ ရုပ်အလောင်း ၁၉ လောင်းကို ယနေ့(သြဂုတ် ၁၅ ရက်) တွင် ရှာဖွေတွေ့ရှိကြောင်း ဖားကန့်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ဆင်ဟွာသို့...
ကဘူးလ် ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန် အလေးထားကြောင်း နှင့် အာဖဂန်အရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ကျေးဇူးတင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်က ပြောခဲ့သည်။ “တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အလွန်ပဲအရေးကြီးပါတယ်။ ပြီးတော့...
ခါတွမ်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ South Darfur ပြည်နယ် မြို့တော် Nyalaတွင် ပြီးခဲ့သည့်ရက်ပိုင်းက လူမျိုးစု လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့ကြောင်း sudan tribune သတင်းစာ၏ ဩဂုတ် ၁၃ ရက်...
ခါတွန် ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ) ဆူဒန်စစ်တပ်(SAF)အနေဖြင့် ဆူဒန်ပြည်သူများနှင့်အတူ ရပ်တည်ကာ တရားဥပဒေ ၊ ဒီမိုကရေစီ နှင့် စည်းစနစ်ကျသော နိုင်ငံအဖြစ် ထူထောင်ရန် ပြည်သူများ၏ တရားဝင်အခွင့်အရေးကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် Abdel Fattah Al-Burhan က ဩဂုတ် ၁၄...
ဖနွမ်းပင်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဖနွမ်းပင်မြို့တွင် ဩဂုတ် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟွန်ဆန်က တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးအပေါ် သမ္မတ ရှီကျင့်ဖိန်၏...