တိုကျို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက အကြီးအကျယ်ထိခိုက်ပျက်စီးခံထားရသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစွမ်းအင်စက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို ဩဂုတ် ၂၄ ရက်မှစ၍ သမုဒ္ဒရာအတွင်းသို့ စတင်စွန့်ထုတ်ရန် ဆုံးဖြတ်လိုက်သည်ဟု အစိုးရက ဩဂုတ် ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်အား အဏ္ဏဝါသဘာဝပတ်ဝန်းကျင် နှင့်...
အဘူဂျာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အမိမြေကာကွယ်ရေး အမျိုးသား ကောင်စီ(CNSP) ဥက္ကဋ္ဌ Abdourahamane Tchianiက ၃ နှစ်အတွင်း အာဏာလွှဲပြောင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဩဂုတ် ၁၉ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့အတွက် နိုင်ဂျာ...
ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့်အတူ ဗဟိုအကျိုးစီးပွားများနှင့် စပ်လျဉ်းသောကိစ္စရပ်များ၌ အချင်းချင်း အခိုင်အမာ ဆက်လက်ထောက်ခံရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ်လ ၂၀ ရက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ၏ တယ်လီဖုန်းခေါ်ဆိုမှုကို ပြန်လည်ဖြေဆိုစဉ် ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင်...
ချုံချင့် ၊ ဩဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း နာမည်ကျော် တာ့ကျူကျောက်ထွင်းပန်းပုလက်ရာများ တည်ရှိသည့် ချုံချင့်မြို့၌ ပြုလုပ်သော လိုဏ်ဂူဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သည် ဩဂုတ် ၂၁ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သုံးရက်ကြာဖိုရမ်အတွင်း နိုင်ငံအသီးသီးမှ ရှေးဟောင်းသုတေသနပညာရှင်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်များက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်၍...
ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် နိုင်ငံတော်ခရီးစဉ် လည်ပတ်ရန် ဂျိုဟန်နာဘတ်စ်မြို့သို့ ဩဂုတ် ၂၁ ရက်က ရောက်ရှိလာခဲ့သည်။ သမ္မတ ရှီအား တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာနှင့်အတူ...