ဒါကာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အလှမွေးကြောင်ပြပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါ ခမ်းနားလှသော အိမ်မွေးကြောင်ပြပွဲ၌ နိုင်ငံတစ်ဝန်းရှိ ကြောင်ချစ်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး အလှမွေးကြောင်ပိုင်ရှင်များစွာက အလှဆင်ပစ္စည်းအမျိုးမျိုးဆင်ယင်ခြယ်သထားသော ၎င်းတို့၏ ကြောင်များနှင့်အတူ စင်မြင့်ထက်ဝယ် အလှပြလမ်းလျှောက်ခဲ့ကြသည်။ ယင်းပြပွဲကို...
ကူဝိတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်၌ ကျရောက်သော အမျိုးသားနေ့နှင့် လွတ်လပ်ရေးနေ့ အခမ်းအနား လေကြောင်းပြပွဲအတွင်း ဆော်ဒီတော်ဝင်လေတပ်၏ လေယာဉ်အလှပြပျံသန်းရေးအဖွဲ့ Saudi Hawks က လေယာဉ်များဖြင့် ပါဝင်ပျံသန်းပြသခဲ့သည်။ (Xinhua) …………………………………….....
ရှီကျားကျွမ်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် Langfang မြို့က ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဘူတာရုံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပေ ၄၀ အရှည်ရှိသော ကုန်သေတ္တာ ၅၅ လုံးအား သယ်ဆောင်ထားသော ယင်းကုန်တင်ရထားသည်...
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆောင်ပေါ်လိုပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျခြင်းများကြောင့် သေဆုံးသူအရေအတွက်မှာ ၆၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။ သေဆုံးသူများအနက် ၁၉ ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်း၊ ဘေးဒဏ်သင့်သူများအတွက် သက်သာရာရရှိစေရေး ဆက်လက်ဦးစားပေးရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ စွန်လွှတ်ဝါသနာရှင် ၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့သည့် ၂၅ ကြိမ်မြောက် Pasir Gudang နိုင်ငံတကာစွန်လွှတ်ပွဲတော်သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယင်းပွဲတော်အား လွန်ခဲ့သည့်သုံးနှစ်က COVID-19 ကပ်ရောဂါကြောင့်...