ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2018 ၏ သရဖူကို အလှမယ် ဟန်တီက ဆွတ်ခူးရရှိခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသော အဆိုပါ ပြိုင်ပွဲ နောက်ဆုံးအဆင့်ရွေးချယ်ပွဲမှ သိရသည်။
နိုင်ရိုဘီ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဇူလိုင်လ ၁၄ ရက်က ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့ သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစ ပထမကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် လူ ၁၅ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဇူလိုင်လ ၂ ရက်မှစ၍ နီပေါ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၉ ခုတွင် ရေကြီးမြေပြိုမှုများတွေ ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူ ၅၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း နီပေါ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူး ရယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။