ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
နေပြည်တော် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရေဘေး အန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ပြည်သူများအား ကူညီရန် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ တိတိကို ပေးလှူပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့အသိပေး ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄. ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃,၃၃၁ တန်ပို့နိုင်ခဲ့ကြောင်း၊ ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရုရှား၊ သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)အိုလံပစ် ပြိုင်ပွဲကဲ့သို့ပင် ကမ္ဘာ့နိုင်ငံများမှ တပ်မတော်များသည် အခြားနိုင်ငံများမှ တပ်မတော်များနှင့် ယှဉ်ပြိုင်ရန် စစ်ဘက်နည်းပညာဆိုင်ရာပြိုင်ပွဲတစ်ရပ်ကို ရုရှားနိုင်ငံတွင်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ မှ စစ်သည်ပေါင်း ၃ထောင်ကျော်က စည်းကမ်းအမျိုးမျိုး နှင့် တင့်ကား ပြိုင်ပွဲများ၊ လေကြောင်း အတတ်စွမ်းအင်ပြပွဲများနှင့်...
လန်ဒန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဂျိုစ့်မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ(Paul Pogba) အား မန်ယူအသင်းမှ ပိုင်ဆိုင်သွားပြီးဖြစ်ကြောင်း ၊ ပေါ့ဘာသည် မန်ယူအသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း အသင်းပိုင် အင်တာနက်စာမျက်နှာပေါ်တွင် သြဂုတ် ၉ ရက်က ကြွေးကြော်ပြောဆိုလိုက်သည်။