တီဟီရန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အီရန် နှင့် ဆီးရီးယားနိုင်ငံတို့အကြား စစ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု “ ဘက်စုံ” တိုးချဲ့ရန် ဇူလိုင် ၈ ရက်က သဘောတူလက်မှတ်တစ်ခု ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် Fars News သတင်းအေဂျင်က ဖော်ပြခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro အနေဖြင့် COVID-19 ကူးစက်ခံထားရကြောင်းကို ဇူလိုင်၇ ရက် ကပြုလုပ်သော ဆေးစစ်မှုရလဒ်အား ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကြေညာခဲ့သည်။“ကျွန်တော့်အနေနဲ့ပြောရရင် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူထုအကြား ထိတ်လန့်မှုမဖြစ်စေဖို့ စစ်ဆေးမှုကို သေသေချာချာ လုပ်ဆောင်ခဲ့တာပါ။ အနှေးနဲ့အမြန်ပဲပေါ့ အဖြေကို အားလုံး သိကြမှာ။...
ရန်ကုန်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက် လိုအပ်ချက်များ ညွှန်ကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။