ယာအွန်ဒီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ အထက်လွှတ်တော်ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းအား မတ် ၁၂ ရက်တွင် နိုင်ငံအတွင်းရှိ ဒေသ ၁၀ ခုတွင် မဲရုံပေါင်း ၁၉၈ ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဂျာမနီကားပစ္စည်းများ ပေးသွင်းသူ Continental က တရုတ်နိုင်ငံ၏ အလိုအလျောက် မောင်းနှင်နိုင်သည့် ယာဉ်ဈေးကွက်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနေလျက် ရှိပြီး တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က တူရကီနိုင်ငံ၏ သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများအား သတ်မှတ်ထားသည်ထက် တစ်လစော၍ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန် မတ် ၁၀ ရက်တွင် တရားဝင်သတ်မှတ်လိုက်ကြောင်း သိရသည်။
ဟိုင်ခို ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၌ မတ် ၁၀ ရက်တွင် တွေ့ရှိခဲ့သော သောင်တင်နေသည့် လင်းပိုင်ကို သုံးနာရီကြာ ကယ်ဆယ်ရေး ပြုလုပ်ပေးပြီးနောက် ပင်လယ်အတွင်းသို့ ပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနထံမှ သိရသည်။
ဂျကာတာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မီရာပီမီးတောင်သည် မတ် ၁၁ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်များက အနီးနားရှိ ကျေးရွာအများအပြားသို့ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ(BPPTKG)က ထုတ်ပြန်ခဲ့သည်။