ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ပျောက်ဆုံးသူများကိစ္စရပ်ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မတ် ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက ပြောကြားခဲ့ရာတွင် ဆီးရီးယား လူ့အခွင့်အရေး ပြဿနာအပေါ် အချို့နိုင်ငံများက ထားရှိသော သူတော်ကောင်းယောင်ဆောင်မှုကို...
ချုံချင့်၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ရှေးဟောင်းခံတပ်မြို့ဖြစ်သော တျောက်ယွီမြို့တွင် မကြာသေးမီက တူးဖော်မှုအတွင်း ရှေးဟောင်းခံတပ်ကြီးတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းတူးဖော်တွေ့ရှိခဲ့သည့်နေရာကို တောင်ဆုန့်မင်းဆက် (၁၁၂၇-၁၂၇၉) နှောင်းပိုင်းတွင် တည်ဆောက်ခဲ့သော တောင်ကုန်းကို အစွဲပြု၍ အမည်ပေးထားကြောင်း သိရသည်။ တူးဖော်တွေ့ရှိခဲ့သည့် တံခါးများ၊ လူသွားလမ်းများ၊ဆိပ်ခံတံတားများနှင့်...
စို့ကွမ်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စို့ကွမ်းမြို့ရှိ လယ်သမားများက သင်္ဘောကွန်တိန်နာများအား ဉာဏ်ရည်ထည့်သွင်းထားသော ဖန်လုံအိမ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီး လတ်ဆတ်သောဟင်းသီးဟင်းရွက်များ အလွယ်တကူရရှိနိုင်ကြောင်း သိရသည်။ စို့ကွမ်းမြို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ဟင်းသီးဟင်းရွက် အဓိက စိုက်ပျိုးထုတ်လုပ်သည့်နေရာဖြစ်သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်ဖန်လုံအိမ်တစ်ခုစီတွင် စိုက်ပျိုးသည့် အခန်းတစ်ခန်း...
ဗီယင်ကျန်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလုပ်ငန်း၏ လာအိုအပိုင်းရှိ ဧပြီလ၌ စတင်ရန် မျှော်မှန်းထားသော ဝန်ဆောင်မှုအသစ်ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ခရီးသည်ဝန်ဆောင်မှုများ စတင်ရေး ပြင်ဆင်မှုများမှာ ကောင်းမွန်စွာလည်ပတ်လျက်ရှိကြောင်း လာအို ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith က ပြောကြားခဲ့သည်။ ပထမဆုံး နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားကို...