ဟွေ့တုန်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ဟွေ့တုန်းခရိုင်တွင် တရုတ်သိပ္ပံပညာရှင်များက မျိုးသုဉ်းလုအန္တရာယ်အရေးတကြီးကြုံတွေ့နေရသည့် တရုတ် bahaba ငါးမျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေးနှင့် ဆက်နွှယ်နေသော စီမံချက်တစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ (Xinhua) …………………………………….. (English Version) Chinese scientists launch project...
တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတ ယွန်းဆက်ယိုအပေါ် စွပ်စွဲပြစ်တင်သည့် အမှုအား ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုကို ဇန်နဝါရီ ၁၄ ရက်၌ ပြုလုပ်ခဲ့ကာ သမ္မတယွန်းကမူ အဆိုပါ ကြားနာစစ်ဆေးမှုသို့ လာရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ပြဿနာပတ်လည်ဝိုင်းနေသော သမ္မတယွန်းအနေဖြင့် အဆိုပါခုံရုံးသို့ လာရောက်ခဲ့ခြင်းမရှိသဖြင့် ပထမဆုံး ကြားနာစစ်ဆေးမှုမှာ လေးမိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။...
ဗီဇာကင်းလွတ်ခွင့်ပြုသော မူဝါဒများကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာသည့် ခရီးစဉ်အရေအတွက်မှာ ယမန်နှစ်ထက် နှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြည်ပခရီးသွားများ ဝင်ရောက်သည့် ခရီးစဉ်အရေအတွက်မှာ သန်း ၂၀ ကျော်ရှိခဲ့ကာ ယမန်နှစ်ထက် ၁၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0sD...
ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် သမ္မတ ယွန်းဆက်ယိုအား စွဲချက်တင်မှုဆိုင်ရာ ပထမဆုံးအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲကျင်းပခဲ့ရာ ယွန်းဆက်ယို တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံ တရားဥပဒေအရ စွဲချက်တင်ခံရသူသည်...
ဂါဇာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသနေရာအများအပြားကို ဇန်နဝါရီ ၁၃ ရက်တွင် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mahmoud Basal က ယင်းနေ့တွင် ပြောကြားခဲ့သည်။ ဂါဇာမြို့...