ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဉ္စမအကြိမ်မြောက် တရုတ်-အမေရိကန် ညီအစ်မမြို့တော်များကွန်ဖရင့်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို နိုဝင်ဘာ ၃ ရက်တွင် ပေးပို့ခဲ့ကြောင်း၊ ညီအစ်မပြည်နယ်များကြားနှင့် ညီအစ်မမြို့တော်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်လေးခုအတွင်း အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေး...
မက်ဒရစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်လေကြောင်းနည်းပညာကုမ္ပဏီ EHang က စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသရှိ Lleida-Alguaire လေဆိပ်၌ ဥရောပလုပ်ငန်းလည်ပတ်ရေးစင်တာတစ်ခုအား အောက်တိုဘာ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ စင်တာဖွင့်ပွဲအခမ်းအနားတွင် EHang က EH216-S ယာဉ်အား သရုပ်ပြပျံသန်းမှု...
ဂါဇာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သော အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသအလယ်ပိုင်းရှိ Bureij ဒုက္ခသည်စခန်းအား ထိမှန်ခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA ထံမှ သိရသည်။ Bureij ဒုက္ခသည်စခန်းသည် ပါလက်စတိုင်းဒုက္ခသည် ၄၆,၀၀၀...
ရာဖာ၊ အီဂျစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံက ပိတ်ဆို့ခံဂါဇာကမ်းမြောင်ဒေသမှ ဒဏ်ရာရပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများကို အီဂျစ်နှင့် ဂါဇာဒေသကြား တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် နိုဝင်ဘာ ၁ ရက်က လက်ခံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူ ၂၂၅ ခန့် ဂါဇာကမ်းမြောင်ဒေသမှ...