ဝဲလ်လင်တန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နယူးဇီလန် မြောက်ဘက်ကျွန်း South Taranaki ခရိုင်waverleyအနီးတွင် ဇွန် ၂၇ ရက်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နယူးဇီလန် လုံခြုံရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၅၁)ရက်မြောက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) အား အတည်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။
နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
တိုကျို ၊ ဇွန် ၂၇ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Shizuoka စီရင်စု Hamamatsu မြို့ရှိ မီးပန်းစက်ရုံတစ်ခုတွင် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဂျပန်မီဒီယာများ၏ ပြောကြားချက် အရသိရသည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရေနုတ်မြောင်းပြုပြင်နေသော လုပ်သား ၁၉ဦးသည် ဇွန် ၂၄ရက်နေ့တွင် မှိုများစားသောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။