ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုလီးယား)၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဆောင်းဦးကာလအစပိုင်းတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟူးလွန်ပေ့အယ်မြက်ခင်းပြင်ကြီးသည် နေရောင်အောက်တွင် အဝါရောင်၊ အစိမ်းရောင် တို့ရောယှက်ကာ အလွှာများကို ကွဲကွဲပြားပြား မြင်ရပေသည်။ ဟူးလွန်ပေ့အယ်မြို့ ချန်ပါးအယ်ဟူချီ နယ်နမိတ်အတွင်းတည်ရှိသော မို့အယ်ကယ်လဲ့မြစ်သည် ကွေးကောက်စွာ စီးဆင်းလျက်ရှိပြီး နွားများ၊ သိုးများနှင့် မြင်းများသည်...
ချုံချင့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ဝူးဆန်းခရိုင်၌ ဂေဟပတ်ဝန်းကျင်အား အဆက်မပြတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာပြီး မက္ကာကွေမျောက်များအပေါ် ကာကွယ်မှုအား မြှင့်တင်လာသောကြောင့် အဆိုပါပင်မရှုခင်းသာနေရာရှိ မက္ကာကွေမျောက် အကောင်ရေများ အဆက်မပြတ် တိုးပွားလာခဲ့သည်။ (Xinhua) —————— (Chinese Version) 重庆巫山:小三峡猕猴添新丁...
နန်နင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဖျားနာသည့်ကလေးအတွက် ဆေးပေးခြင်း၊ အဆစ်အမြစ်ယောင်ရမ်းသည့် သက်ကြီးရွယ်အိုအတွက် ဆေးပလာစတာ ကပ်ပေးခြင်း၊ ဒဏ်ရာရသည့် ရွာသူ၊ ရွာသားအတွက် ဒဏ်ရာကို ဆေးထည့်ပေးခြင်း … ၁၉၈၅ ခုနှစ်အလွန်တွင် မွေးဖွားခဲ့သော အမျိုးသမီး ကျေးလက်ဆရာဝန် ဖန်းရွှယ်မေသည် နေ့စဉ် ကျန်းမာရေးဆေးပေးခန်း၌ အလုပ်များနေသည်။...
တက်ရှ်ကန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) “ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် မိတ်ဆက်ပွဲနှင့် ကူးလူးဖလှယ်ဆွေးနွေးပွဲ အခမ်းအနားအား ဩဂုတ် ၁၉ ရက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အမြဲတမ်းကော်မတီဝင်၊...
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယူကရိန်း အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာ၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယင်းနှင့်ဆက်စပ်သည့်...