မုံရွာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာတို့၏ ရိုးရာ ပွဲတော် တစ်ခုဖြစ်သော သီတင်းကျွတ်မီးထွန်းပွဲတော် နီးလာသည်နှင့်အမျှ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ဘုရားကြီးရပ်က မြန်မာ့လက်မှု မီးပုံး အမျိုးမျိုး ပြုလုပ်နေမှုများအား ဖော်ပြပါရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
စစ်တွေ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ သီတင်းကျွတ်လပြည့်နေ့ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူရန် အမျိုးသား ၊ အမျိုးသမီးပုံစံ ရိုးရာစက္ကူချိုးအရုပ်များဖြင့်မြို့အနှံလှည့်လည်ကပြဖျော်ဖြေကာ အလှူရှင်များနှင့် ဒေသခံများကို နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဂါဇာဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှု ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီတွင် အတည်မပြုနိုင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အံ့ဩစိတ်ပျက်ခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………. (English Version)...
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ နိုင်ငံပြပွဲ၌ ပါဝင်ပြသရန် နိုင်ငံ ၆၀ က အတည်ပြုထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များအရ သိရသည်။ အဆိုပါ...
ကျိုချွမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၇ လူတင်အာကာသယာဉ်နှင့် Long March-2F ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ အတွဲလိုက်ကို အာကာယာဉ်လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၁၉ ရက်က ရွှေ့ပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) မှ သိရသည်။ လက်ရှိ အာကာသယာဉ်လွှတ်တင်ရေးနေရာရှိ စက်ပစ္စည်းများ...