ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံသို့ ပြောင်းများစတင် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့နယ်နှင့် နမ့်ခမ်းမြို့တို့တွင် ငွေကျပ်သိန်း ၈,၇၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
နန်နင်း ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်-ဗီယက်နမ်နယ်စပ်ရှိ Friendship Pass ဟု လူသိများသည့် Youyi Pass နယ်စပ်စခန်းသည် ယခုနှစ်အတွင်း ကုန်တင်ကား အစီးရေ ၃၀၀,၀၀၀ ကျော်အား ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဒေသတွင်းတည်ငြိမ်ရေးအတွက် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတာစွာဖြေရှင်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က စက်တင်ဘာ ၂၃ ရက်၌ ပြုလုပ်သည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောကြားစဉ် ထိုသို့ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOF) က စက်တင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။