ရန်ကုန် ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၃,၀၀၀ ကျော်ကို ယနေ့(ဧပြီလ ၁၇ရက်) နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး ဧပြီ ၁၆ ရက် အတာသင်္ကြန် (အတက်နေ့) ညနေပိုင်းတွင် မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ပိတ်သိမ်းပေးခဲ့ပြီး လှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်း အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် (အတက်နေ့) ရောက်ရှိလာပြီဖြစ်ကာ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် မြို့တော်သင်္ကြန် မဏ္ဍပ်ရှိ ရေကစားကြသူများ၊ ရေပက်ခံသူများနှင့် လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲကြသူများကို ရိုက်ကူးဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊မူဆယ်မှကျင်စန်းကော့ဂိတ်သွားကားလမ်းပေါ်တွင် ယနေ့ (ဧပြီ ၁၆ ရက် )နံနက် ၁၁ နာရီခွဲခန့်က သဲတင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမိ၍ အိမ်စီးကားပေါ်ပါ လူ ၆ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော...