ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် ကျောက်တုံးနမူနာများ စုဆောင်းခြင်းမှတစ်ဆင့် ဟိမဝန္တာတောင်တန်း၏ ဖွဲ့စည်းဖြစ်ပေါ်မှုအားလုံးကို လေ့လာရန် ကမ္ဘာ့ဆဋ္ဌမမြောက်အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် Cho Oyu တောင်ထိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua) #China #Scientists #Himalayas #တရုတ်နိုင်ငံ #သိပ္ပံပညာရှင် #ဟိမဝန္တာတောင်တန်း ———————- Chinese...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လနီးပါးကာလအတွင်း ပဲတီစိမ်း ၂၃၉,၁၉၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မြန်မာ့ရွှေရည်ညွှန်းစျေးကို အောက်တိုဘာ ၇ ရက်မှစပြီး ဗဟိုဘဏ်လေလံစျေးဖြစ်သော အမေရိကန်တစ်ဒေါ်လာ ကျပ်၂,၉၀၀ ကျော်နှင့် ပြောင်းလဲတွက်ချက်၍ ထုတ်ပြန်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၈ ရက်တွင်ပြောသည်။
ဂါဇာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲက ယခုသီတင်းပတ်၌ ပြင်းထန်လာခဲ့ပြီး နှစ်ဘက်လုံးတွင် ထိခိုက်သေဆုံးမှုများ သိသိသာသာ များပြားလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဆောင်းဦးလယ်ပွဲတော်နှင့် အောက်တိုဘာ ၆ ရက်တွင် ကုန်ဆုံးခဲ့သော အမျိုးသားနေ့အားလပ်ရက် ကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းဈေးကွက်၏ ဝင်ငွေမှာ ယွမ် ၇၅၃.၄ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၀၃.၂ ဘီလီယံခန့်) ရှိခဲ့ကြောင်း တရားဝင်စာရင်းများ၌ ဖော်ပြထားသည်။