ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် YBS-Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ဇွန် လ၂၂ရက် တွင် ယာဉ်အစီးရေ ၃ဝ ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၅၉၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အာဖဂန်နစ္စတန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Dasht-e-Archi ခရိုင် တွင် ဇွန် ၂၃ ရက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် အကြမ်းဖက်သမား ၆ဦး သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Nasrudin Nazari...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ အမျိုးသား ၂ ဦးထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၉ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။