မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အက်သလက်တစ် ဘီဘာအိုအသင်းက စပိန်လက်ရွေးစင်နောက်ခံလူ အိုင်မယ်ရစ် လာပေါ့တေးအား ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းရှိသော သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအနေဖြင့် စည်းကြပ်ခွန်ဆိုင်ရာ ချိန်ညှိပြင်ဆင်မှုများ မလုပ်ဆောင်မီ သတိရှိရှိဖြင့် အလေးအနက် စဉ်းစားသုံးသပ်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ဘရာဇီးလီးယား၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း Jair Bolsonaro ၏ အာဏာသိမ်းရန် စီစဉ်ခြင်း ပြစ်မှုအား အတည်ပြုသောကြောင့် ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်လိုက်ကြောင်း ဘရာဇီး ဖက်ဒရယ် တရားရုံးချုပ်က စက်တင်ဘာ ၁၁ ရက်တွင်...
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ဖြစ်ပေါ်ခဲ့သော ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ “E1 ဇုန်” ဂျူးလူမျိုး အခြေချနေထိုင်ရေးစီမံကိန်းကို တွန်းအားပေးဆောင်ရွက်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ်ကို အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု ကြေညာခဲ့သည်။
ရက်စ်အယ်လ်ခါအီမာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကားပျံကုမ္ပဏီ XPENG AEROHT မှ တီထွင်ထုတ်လုပ်သည့် ကားပျံ Land Aircraft Carrier က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ မြောက်ဘက်စွန်းဒေသ ရက်စ်အယ်လ်ခါအီမာတွင် အထူးပျံသန်းခွင့်ကို စက်တင်ဘာ ၁၀ ရက်၌ ရရှိခဲ့ပြီဖြစ်သည်။