ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယခုကာလများတွင် တောင်ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းသည် အရေးပေါ် စစ်အုပ်ချုပ်ရေး ဂယက်ကြောင့် ရိုက်ခတ်မှုရှိရာ ဟိုတယ်နှင့် ခရီးသွားအေဂျင်စီ အများအပြားက ကြိုတင်မှာယူမှုများ ဖျက်သိမ်းခြင်းကို တွေ့ကြုံခဲ့ရသည်။ ဆိုးလ်မြို့တော်ဝန် Oh Se-hoon က ခရီးသွားဧည့်သည်များ ဘေးကင်းစေရေး အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
ရေပေါများသော နိုင်ငံတောင်ပိုင်းမှ မိုးခေါင်မှု ဖြစ်ပွားလေ့ရှိသော နိုင်ငံမြောက်ပိုင်းဆီသို့ ရေပို့လွှတ်ပေးသည့် အကြီးစား ရေသွယ်မြောင်းစီမံကိန်းကြောင့် တရုတ်ပြည်သူ ၁၈၅ သန်းကျော်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တိုက်ရိုက်အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZwR ………………………...
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် အရှားပါးဆုံး မျောက်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည့် မီးခိုးရောင်နှာခေါင်းလန်မျောက်ကို ကွေ့ကျိုးပြည်နယ်ရှိ သဘာဝဘေးမဲ့တောတစ်ခု၌ မကြာသေးမီကတွေ့ရှိခဲ့သည်။ ၎င်းသည် အကောင်ရေ ၈၀၀ ကျော်သာရှိသဖြင့် ပန်ဒါဝက်ဝံကြီးထက်ပင် ရှားပါးကြောင်းသိရသည်။ (Xinhua) …………………………………….. (English Version) Rare snub-nosed monkey...
ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့ (အိုပက်) က ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ရေနံဝယ်လိုအား တိုးတက်မှု အလားအလာကို ဒီဇင်ဘာ ၁၁ ရက်၌ ထပ်မံလျှော့ချခန့်မှန်းခဲ့ရာ အိုပက်အဖွဲ့အနေဖြင့် ငါးလဆက်တိုက် အကျဘက်သို့ ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zwq ……………………....
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက သဲကန္တာရဖြစ်ထွန်းမှုပြောင်းလဲရေး၊ အစိမ်းရောင်ဖွံဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို မီးမောင်းထိုးပြနေသည့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာ့ဘဏ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူက ချီးကျူးပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zw0 …………………………………….. (English Version) China’s Ningxia...