ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ခြင်း- လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၏ အဓိကဖော်ဆောင်မှု》စက္ကူဖြူစာတမ်းကို အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မြေထဲပင်လယ်ဒေသပုံစံ ဒီဇိုင်း၊ ကမ္ဘာ့စားသောက်ဖွယ်ရာနှင့် ခမ်းနားသော ဖက်ရှင်ဆိုင်များ အပြင်အဆင်များဖြင့် ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Mediterranea” သည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့နှင့် ဖူကူအိုကာမြို့သို့ ခရီးပြုရန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့မှ စက်တင်ဘာ ၃၀ ရက်က ထွက်ခွာလာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားပွဲအတွင်း အသေးစိတ်ကအစ စနစ်တကျရှိသည့် ကောင်းမွန်သည့်စီမံခန့်ခွဲမှုများရှိကြောင်း ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးအောင်ချိုမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပါဝင်သောနိုင်ငံများအနေဖြင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။