ချိုမိုလန်းမားတောင်အခြေစိုက်စခန်း ၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် သိပ္ပံဆိုင်ရာသုတေသနများ လုပ်ဆောင်ရန် ချိုမိုလန်းမားတောင်ထိပ်သို့ မေ ၂၃ ရက်က ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဖူကျိုး ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့တွင် မကြာသေးမီက မင်ကျန်းမြစ်အတွင်းသို့ ငါးသားပေါက် အကောင်ရေ ၁၂၅,၀၀၀ ခန့်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထျန်းကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ ကမ္ဘာ့စိန်ခေါ်မှုအများဆုံးမာရသွန်အပြေးပြိုင်ပွဲများအနက် တစ်ခုဟု သတ်မှတ်ထားသည့် ၂၀၂၃ ဟွမ်ရာကွမ်းမဟာတံတိုင်းအပြည်ပြည်ဆိုင်ရာမာရသွန်အပြေးပြိုင်ပွဲအား မေ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua) ———————– Great Wall marathon held in China’s Tianjin...
ဂျကာတာ၊ မေ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပူးတွဲစမ်းသပ်စစ်ဆေးမှုများကို မေ ၂၂ ရက်က စတင်ခဲ့သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်မှု၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ရထားလမ်းကြောင်းပြည့် လည်ပတ်နိုင်ရေးအတွက် အခြေခံ ဖြစ်သည်။
ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပုဂ္ဂလိက ကမ်းလှမ်းထားသော ရန်ပုံငွေ ပမာဏ သည် ဧပြီလကုန်တွင် ယွမ် ၂၀.၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၅ ထရီလီယံခန့်) ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ အချက်အလက်များအရ သိရသည်။