ဒမတ်စကပ်စ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း Daraa ပြည်နယ်နေရာအမြောက်အမြားရှိ လက်နက်ကိုင် ဆန့်ကျင်ရေးသမားများက အစိုးရနှင့်ပြန်လည်သင့်မြတ်ရန် သဘောတူခဲ့ကြောင်း ဆီးရီးယား စစ်တပ် နှင့် သတင်းအေဂျင်စီများ၏ ဇွန်လ ၃၀ ရက် သတင်းများအရ သိရသည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) မေလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အရေးနိုမ့်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ ယခင်အာဏာရပါတီ ညီညွတ်သောမလေးအမျိုးသားအဖွဲ့ချုပ်(UMNO)သည် ဇွန် ၃ဝ ရက်တွင် ဥက္ကဋ္ဌသစ် ကိုရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
တိုကျို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအရှေ့ဘက် Gunma စီရင်စု တွင် ဇွန် ၃၀ ရက်က လေထီးစီးရင်း မတော်တဆမှုဖြစ်ပွားခဲ့၍ လူ ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း ကဖော်ပြခဲ့သည်။
ကဘူးလ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က လွန်ခဲ့သည့် ၂၄နာရီအတွင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စုစုပေါင်း စစ်သွေးကြွ ၂၅ ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ပြသသွားရန် စီစဉ် လျက် ရှိကြောင်း ပြန်ကြားရေး...