ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ Fangshan ခရိုင်ရှိ တောင်ကမ်းပါးတစ်ခုတွင် မကြာသေးမီက ရှားပါးငှက်ကျားအနက် အကောင်ပေါက်စငါးကောင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ မေ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက်ရှိ Yasothon မြို့နေပြည်သူများက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဒုံးပျံပွဲတော်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုင်ခို ၊ မေ ၂၂ ရက်(ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စီးနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းလေ့လာမှုများအား မေ ၂၀ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း ရှေးဟောင်းသုတေသနဆိုင်ရာ ကဏ္ဍသစ်အား အစပြုလိုက်ကြောင်း သိရသည်။
ဆိုးလ် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်၌ မေ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံသား သောင်းနှင့်ချီ၍ စုရုံးခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တူကြွ ရေဆိုးများ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း သိရသည်။
ယူနန် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Pu’er မြို့ရှိ မကြာသေးမီက တောဆင်ရိုင်းများသည် အဝေးပြေးလမ်း ပေါ်တွင် ခြေဦးတည့်ရာသွားလာခဲ့ကြပြီး ဒေသန္တရယာဉ်သွားလာရေးတာဝန်ရှိသူများ၏ အလေးဂရုပြုမှု ရရှိခဲ့ကြောင်း သိရသည်။