ပေကျင်း ၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၌ အကြိမ်ကြိမ် အကြီးအကျယ်သေနတ်ပစ်ခတ်မှုများကြောင့် ကြီးမားများပြားသော သေဆုံးမှုများကို စိတ်မကောင်း ဖြစ်ရကြောင်း ၊ တက္ကဆက်စ်ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် ကျန်ရစ်သည့်မိသားစုဝင်များအား ထပ်တူဝမ်းနည်းကြေကွဲရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ပြည်တွင်းပေးချေမှုများဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမေ ၂၅ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်း၌ ရောင်းချ/ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်လာစေခြင်း၊...
ပေကျင်း၊ မေ ၂၆ ရက်(ဆင်ဟွာ) ယခုအကြိမ် လှုပ်ရှားမှုက အခြား တတိယတစ်ဖက်အား ဦးတည်ခြင်းမဟုတ်သလို လက်ရှိနိုင်ငံတကာနှင့်ဒေသရေးရာအခြေအနေနှင့်သက်ဆိုင်မှုမရှိကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက မေ ၂၄ ရက်တွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ပူးတွဲလေကြောင်း ကင်းလှည့်ခြင်းအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား တုန့်ပြန် ဖြေကြားခဲ့သည်။ တရုတ်-ရုရှား...
မော်စကို ၊ မေ ၂၆ ရက် (ဆင်ဟွာ) စာချုပ်အရ စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုသူများအတွက် အသက်အရွယ်ကန့်သတ်ချက်အား ပယ်ဖျက်ရန် ရုရှားလွှတ်တော်က မေ ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခင်က အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ရုရှားနိုင်ငံသားများ နှင့်...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ကိုဗစ် ၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေး ကန့်သတ်ချက်စည်းမျဉ်းများကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ အားကစားလောကသည် အခြေအနေ များစွာ ရိုက်ခတ်ကျဆင်းခဲ့ရသည်။ လက်ရှိအချိန်တွင် လက်ဝှေ့အားကစားကဏ္ဍ ပြန်လည် ဦးမော့လာရန် မျှော်လင့်ချက်များ တဖြည်းဖြည်း အစပျိုးလာနေပြီဟု နဂါးမာန် မြန်မာ့ ရိုးရာလက်ဝှေ့အသင်း...