ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) မှ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးမှု စနစ်သည် လူသားမျိုးနွယ်၏ နိုင်ငံရေးယဉ်ကျေးမှုအတွက် မဟာထောက်ပံ့ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း မတ် ၄ရက် တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ရေး စတင်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ မတ် ၃ရက်နေ့တွင် ကျပ် ၆၈သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲအား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မတ် ၅ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ...