လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) လန်ဒန်မြို့မြောက်ပိုင်း ရှိ ဘူတာရုံတစ်ခု တွင် ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ဆည်ကန် ၃၉ ခုအနက် ဆည်နှစ်ခုတွင်သာ ရေကျော်စီးဆင်းလျက်ရှိ ကြောင်းနှင့် ယင်းဖြစ်ရပ်သည် သာမန်အဆင့် သာရှိပြီး ထူးထူးကဲကဲရေကျော်သည့် အဆင့် မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မော်စကို၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ခရီးစဉ်အတွင်း ရုရှားနှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကိုရီးယားကျွန်းဆွယ်ရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဘုရင် မဟာဗာဂျီရာလောင်ကွန်း ၏ ဘိသိတ်ခံယူပွဲအပြီး တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မြောက်လတ္တီ တွဒ် ၁၇.၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၀ ဒီဂရီ၊ အနက် (၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း...