ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်း အဝန်းအဝိုင်း အပြင်ဘက်မှ ယခုစတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှုး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။ “မိုခါရဲ့ လက်ရှိနောက်ဆုံးအခြေအနေကတော့ မုန်တိုင်းရဲ့ ဗဟိုချက်က...
နန်နင်း ၊ မေ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးဒေသ၏ အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) နိုင်ငံများနှင့် ပြည်ပကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမသုံးလတာအတွင်း ယွမ် ၇၄.၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၇၁ ဘီလီယံခန့်)အထိ ၁၀၂.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကွမ်ရှီးဒေသရှိ နန်နင်းအကောက်ခွန်ရုံးထံမှ စာရင်းများအရ သိရသည်။
စစ်တွေ၊ မေ ၁၄ ရက် (ဆင်ဟွာ) မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေ့မြို့အတွင်း မေ ၁၄ ရက် မွန်းလွဲပိုင်းက ရပ်ကွက်တစ်ချို့တွင် ပင်လယ်ဒီရေများ ဆက်တိုက် တိုးဝင်ရောက်လာခဲ့ပြီး လူနေအိမ်တစ်ချို့ နစ်မြုပ်မှု ရှိကြောင်း ဒေသခံများထံမှ သိရသည်။ (Xinhua)
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့၌ မေ ၁၃ ရက်တွင် ၅၈ နှစ်အတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ် သောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား...