ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာသစ်လုပ်ငန်းမှဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေ ပြုခရီး သွားလုပ်ငန်းများ ၊ ဆင်စခန်းများအားလုံး ယနေ့ နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နားပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) COVID-19 ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းလိုင်းများ ဆိုင်းငံ့ခဲ့ပြီးနောက် မတ် ၂၅ ရက်အစောပိုင်းတွင် ပြည်ပရောက် တူရကီကျောင်းသား ၂,၇၂၁ ဦးကို အဆုံးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တူရကီ ဒုတိယ သမ္မတ ဖူအက် အို့ခ်တေး (Fuot Oktay) က...
ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရေးကြိုးပမ်းမှုတစ်ခုအနေဖြင့် ဧပြီ ၁၄ ရက် အထိ ရက်သတ္တပတ် နှစ်ပတ်တာ ဘက်ပေါင်းစုံတင်းကြပ်မှုဆောင်ရွက်သွားရန် ပြည်သူများ လှုပ်ရှားသွားလာမှုကန့်သတ်ချက်ကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယီဒင်ယာစင်က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း မတ် ၂၆ ရက်မှ ဧပြီ ၄ ရက်အထိ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား တင်းကြပ်ရန် အစိုးရက ကြေညာလိုက်ပြီးနောက် နေရပ်ပြန်သူများဖြင့် အလွန်ပြည့်ကျပ်နေကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။