ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် ရှိ သားငါးဈေးတစ်ခုတွင် ဇန်နဝါရီ ၂၂ရက်က အင်အားပြင်းထန်သည့် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အော့တဝါ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) နှစ်ပတ်လည် အစည်းအဝေးတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့ ဇန်နဝါရီလ ၂၂ ရက်တွင် ထွက်ခွာခဲ့ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဇန်နဝါရီလ...
ပရာ့ဂ်၊ ဇန်နဝါရီ ၂၂ရက် (ဆင်ဟွာ) ချက်နိုင်ငံ ပရာ့ဂ်မြို့ ရှိ အထွေထွေသင်ကြားရေးဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ Michal Schneider က Naplacni လမ်း ရှိ ယူရိုစတားဒေးဗစ်ဟိုတယ် တွင် ဇန်နဝါရီ ၂၀ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၂ရက်တွင်ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အထူးထောက်လှမ်းရေးတပ်ဖွဲ့ သည် မကြာသေးမီကဖြစ်ပွားခဲ့သော ထရီပိုလီမြို့ ရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်ခံရမှုတွင် ပါဝင်သည့် စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကုဋေကျေးရွာအနီး၌ ဇန်နဝါရီ ၂ဝရက် ည ၁၁ နာရီခွဲက ကျောက်မျက် တူးဖော်ရေးကုမ္ပဏီဟောင်းနှစ်ခုရှိ နွံရေကန်ပေါက်မှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။