ဖာရာ၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ်တွင် သောင်းကျန်းသူများက ညဘက် ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်အတွက် ဥရောပ အခြေစိုက် ဘရာဇီး ဘောလုံးသမားဆု Samba de Ouro trophy အား နေမာ ရရှိသွားကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးအရေး ယူနိုင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီလ ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Attock ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့ ဇန်နဝါရီ ၂ ရက်၌ ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။