ကဘူးလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) ယခုကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားကပ်ဘေး အခြေအနေကို နိုင်ငံတကာ က ဂရုပြုကြရန်နှင့် ကပ်ဘေးသင့်ဒေသများကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးကြ ရန် အာဖန် သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရခိုင်ကမ်းရိုးတန်းဒေသသို့မုန်တိုင်းငယ်သည် နောက် ၁၂ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းရသဖြင့် အနီရောင်အရေးပေါ်အခြေအနေ ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ပါလက်စတိုင်း ၂ဦးကို အစ္စရေးစစ်တပ်က မေ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ဦး အပါအဝင် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။