ဆန်းရှီး၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းဆန်းရှီးပြည်နယ် Yangquan မြို့တွင် Baidu ကုမ္ပဏီမှတီထွင်ထုတ်လုပ်သော မောင်းသူမဲ့မော်တော်ယာဉ် သုံးစင်းကို အများပြည်သူ သွားလာနေသည့်လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ်များကို Baidu ကုမ္ပဏီက Apollo ဟုအမည်ပေးထားပြီး အလိုအလျောက်မောင်းနှင်နိုင်သည့် စနစ်က တပ်ဆင်ထားသည်။ အဆိုပါမော်တော်ယာဉ်များသည် လမ်းကြောင်း အချက်ပြစနစ်များ...
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောင်သူဦးကြီးများအသုံးပြုလျှက်ရှိသည့် ခေတ်မီလယ်ယာစိုက်ပျိုးရေးစက်ကိရိယာအချို့ ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းခြင်း အားဖြင့် အချိန်ကုန်သက်သာစေကာ လုပ်သားရှားပါးမှုပြဿနာကိုလည်းဖြေရှင်းနိုင်သောကြောင့် လယ်ယာလုပ်ငန်းခွင်များတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုမှုများပြားလာကြောင်းသိရသည်။ (Xinhua)
ထျန်းကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်းကို တရုတ်နိုင်ငံ၏ ပထမဆုံး ကမ်းလွန်ယာယီ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုစင်တာ အဖြစ်အသုံးပြုခဲ့သည်။ ထိုဆိပ်ကမ်း ကို COVID-19 သံသယရှိသူများ အား ဆေးရုံများသို့လွှဲပြောင်းပေးရန်နှင့်နိုင်ငံခြား ကုန်တင်သင်္ဘောများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသူများ အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သံသယ လူနာများအား ထားရှိရန် ပြတင်းပေါက်ကြီးများဖောက်ထားသည့်...
ဂျေရုစလင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၁၆၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၃,၆၅၄ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စင်ကာပူ နိုင်ငံ၌ ယနေ့ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းအချိန်ထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ လူနာသစ် ၁,၄၅၆ ဦး ရှိခဲ့ပြီး ယင်းမှာ လက်ရှိအချိန်ထိ တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှု အများဆုံးအရေအတွက် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက...