ရန်ကုန် ၊ မေ ၂ ရက် (ဆင်ဟွာ) ယခု ဖြစ်ပွားနေသည့် အယ်လ်နီညို ရာသီဥတုမှာ အားနည်းသည့် အဆင့်သို့ရောက်ရှိသွားပြီး လာမည့် ဇွန်လတွင် အယ်လ်နီညို ဖြစ်စဉ် ပြီးဆုံးလိမ့်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။
ဝါရှင်တန် ၊ မေ ၂ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၃၈ နှစ်ကျော် ကြာခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ် မေ ၁ ရက်တွင် အမေရိကန် နိုင်ငံ၏ ဇိမ်ခံ သင်္ဘော တစ်စင်းသည် ကျူးဘား နိုင်ငံသို့ ပထမဆုံး ဦးတည် မောင်းနှင်သွားပြီ ဖြစ်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခိုက်မှုကြောင့် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဂျကာတာ၊ မေ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံများမှ စစ်တပ် အကြီးအကဲများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ စုဝေးကာ ဒေသတွင်း ပင်လယ် ဓားပြများ၏ ခြိမ်းခြောက်မှုများမှ လွတ်ကင်းရန် ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေး အစည်းအဝေးအား မေလ ၅ ရက်၌...
ဂျာကာတာ၊ မေ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း ရှိ Lampung ပြည်နယ်တွင် မေလ ၂ ရက်က မြေအောက်ကို ဗဟိုပြု၍ ၆.၁ ရစ်ချ်တာ စကေး ရှိသည့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဋ္ဌာနက ပြောကြားခဲ့သည်။