ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသလို ခေတ်ကာလသည်လည်း ပြောင်းလဲလျက်ရှိကြောင်း၊ ကမ္ဘာကြီးသည် ယေဘုယျအားဖြင့်...
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) လျင်မြန်စွာတိုးတက်လာမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် အရည်အသွေးမြင့် အားသွင်းနေရာအခြေခံအဆောက်အအုံကွန်ရက် တည်ဆောက်ရေး ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။
ပေကျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၌ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်(NEV) လုပ်ငန်း အဆမတန် ကြီးထွားလာသောကြောင့် ယခုအခါ တရုတ်ကားထုတ်လုပ်သူများက ဥရောပ ဈေးကွက်အပေါ် ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။
ဟာအယ်ပင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းမြို့၌ အရည်အသွေးမြင့် ခရီးသွားရထားဝန်ဆောင်မှုအသစ် စမ်းသပ်ပြေးဆွဲခြင်းအား ဇွန် ၁၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ် ၊ ဇွန်၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ၂၀၂၃ ကယ်လီဖိုးနီးယား ဖရဲသီးပွဲတော်အား ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့ပြီး ပွဲတော်တွင် ဖရဲသီး အခမဲ့ကျွေးမွေးခြင်း ၊ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ နှင့် အခြားသော မိသားစုလှုပ်ရှားမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။